Ministry of Education
Online Library - About Us
- ပညာရေးဝန်ကြီးဌာန၏ Online Library ကို library.moe-st.gov.mm ဖြင့် ၂၀၁၅ ခုနှစ်ကတည်းက စတင်၍လွှင့်တင်အသုံးပြုလျက်ရှိ        ပါသည်။
- အသုံးပြုသူ User များ၏ လိုအပ်ချက်နှင့်ကိုက်ညီမှုရှိစေရန်၊ ဝန်ကြီးဌာနတစ်ခုလုံးအကျိုးရှိစွာ အသုံးပြုနိုင်ရန် (၂၀၁၇- ၂၀၁၈)ဘဏ္ဍာနှစ်        အတွင်းအဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
- ပညာရေးဝန်ကြီးဌာနရှိ ကျောင်း၊ ဌာနအသီးသီး၏ နှစ်စဉ်ခွဲဝေချထားသော စာကြည့်တိုက်ရံပုံငွေဖြင့် ပညာရပ်အသီးသီးအတွက်
လိုအပ်သော eBook များအားဝယ်ယူ၍ Online library Server အတွင်းသို့ upload လုပ်ပေးခြင်းဖြင့် ပညာရေးဝန်ကြီးဌာန မှပိုင်ဆိုင်သော eBook များကို နေရာဒေသအသီးသီးရှိဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ သုတေသနလုပ်ငန်း လုပ်ကိုင်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးမှ Download ရယူနိုင်ပါသည်။
- ကျောင်းသား၊ ကျောင်းသူများသည် eBook များ Download ရယူရန်အတွက် Library ကိုဝင်ရောက်အသုံးပြုနိုင်သည့် User Account ရှိရမည်ဖြစ်ပါသည်။
- Library Account ရယူလိုသော ကျောင်းသား၊ ကျောင်းသူများသည် သက်ဆိုင်ရာ ကျောင်းရှိ Librarian များထံသတ်မှတ်ပုံစံဖြည့်သွင်း၍ လျောက်ထားရပါမည်။
- ပညာရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများဖြစ်ပါက MOE Portal သို့ ဝင်ရောက်အသုံးပြုနိုင် သည့် Single Sign-On (SSO Account) ဖြင့် ဝင်ရောက်အသုံးပြုနိုင်ပါသည်။ SSO Account အား သက်ဆိုင်ရာဌာနအလိုက် ထုတ်        ပြန်ပေးမည်ဖြစ်ပါသည်။

Our Single Sign-On (SSO Account) Website

Online Library System
Staff Management System
MOE Portal